Saturday 12 October 2013

အဲသလောက်တောင် ချစ်တာပဲလား ကိုကိုရယ်



Ye Oo's photo.
ဂျာနယ်တိုက်ထဲကို အဲမွန်ဂျုန်းရဲ့ဇနီးရောက်လာပြီး သူမရဲ့ယောင်္ကျား ဖောက်ပြန်နေကြောင်း လာရောက်တိုင်ကြားပါတယ်။ အယ်ဒီတာအောင်မှူးဝေက ခေါင်းခါပြီးပြောပါတယ်။ “ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ” “အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ၊ ဟောဒီမှာကြည့်” သူမယောင်္ကျားထံမှ ရရှိထားတဲ့ အမျိုးသမီးအတွင်းခံဘောင်းဘီတစ်ထည်ကို အဲမွန်ဂျုန်းမိန်းမက သက်သေခံအဖြစ်ထုတ်ပြလိုက်တယ်။ “ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီး မေးကြည့်ပေးမယ်”

အဲသလိုကတိပေးပြီးနောက် အယ်ဒီတာအောင်မှူးဝေဟာ ဘောင်းဘီကို သူ့စားပွဲအံဆွဲထဲ ထည့်ထားလိုက်ပါတယ်။ အဲဒီနောက် ဂျာနယ်တိုက်ပိုင်ရှင် လာစစ်မယ်လို့ သတင်းရတဲ့ အတွက် ဘောင်းဘီသက်သေခံ အထုပ်ကို သူ့ရုံးတက်လက်ဆွဲအိတ်ထဲ ပြောင်းထည့် လိုက်ပါတယ်။ ပိုင်ရှင်ရောက်လာပြီး ရုံးပိုင်ဆိုင်ရာလုပ်ငန်းတွေ စစ်ဆေးလို့ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်နေတာ အချိန်တော်တော်ကြာသွားပါတယ်။

ဒါနဲ့ သူ့အိမ်ကို ပြန်ရောက်တဲ့အခါ သူ့မိန်းမ မိုးစက်ဝိုင်က ရုပ်ရှင်သွားကြည့်ကြမယ်လို့ ပြောတာကြောင့် ပိုက်ဆံကို လက်ဆွဲအိတ်ထဲက ယူလိုက်ဖို့ပြောပါတယ်။ “ကိုကို့လက်ဆွဲအိတ်ထဲမှာ ပိုက်ပိုက်ရှိတယ်။ အသဲလေး သွားနှိုက်ယူလိုက်၊ ကိုကိုရှာသမျှ သဲလေးအတွက်ပဲ၊ ကိုကို့ပိုက်ဆံ သဲလေးပိုက်ဆံပဲဟာ” သူ့မိန်းမက လက်ဆွဲအိတ်ကို ဖွင့်လိုက်ပါတယ်။

ပိုက်ဆံ ဘယ်နားမှန်းမသိလို့ ဟိုဟိုဒီဒီရှာရင်း အိတ်အတွင်းက အထုပ်တစ်ထုပ်ကို တွေ့လို့ဖွင့်ကြည့်လိုက်ပါတယ်။ ပိုက်ဆံထုပ်လို့ ထင်တာကြောင့်ပါ။ အထဲမှာ အတွင်းခံဘောင်းဘီဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ အောင်မှူးဝေမိန်းမ မိုးစက်ဝိုင်က ပျော်ရွှင်တဲ့လေသံနဲ့ပြောလိုက်ပါတယ်။

“အသဲလေး အတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။ ကိုကိုက လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး၊ အဲသလောက်တောင် ချစ်တာပဲလား ကိုကိုရယ်

No comments:

Post a Comment