လူ့ဘဝက ဒါပါပဲ...

ကျောင်းသားဟောင်းတစ်သိုက်ဟာ အသက်၎ဝအရွယ်ကစ
နောင်၁ဝနှစ်မှာတစ်ကြိမ် တွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်။
သန်မာဖျတ်လတ်တဲ့အရွယ် အသက်၎ဝမှာ ပထမဆုံးအကြိမ် သူတို့မိတ်ဆုံစားပွဲလုပ်တော့
စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ကြတယ်။ အဲဒီစားသောက်ဆိုင်ကို
ရွေးရတဲ့အကြောင်းရင်းက စားပွဲထိုးကောင်မလေးတွေ ငယ်လို့၊ ကိုယ်လုံးလှလို့၊
ဝတ်တာနည်းလို့ဖြစ်တယ်။
နောင်၁ဝနှစ်အကြာ သူတို့အသက် ၅ဝမှာ နောက်တစ်ကြိမ်တွေ့ဆုံကြပြန်တယ်။ အရင်ကတွေ့ဆုံခဲ့တဲ့
စားသောက်ဆိုင်ကိုပဲ သူတို့ရွေးလိုက်ကြတယ်။ ဒီတစ်ကြိမ်မှာ
ဒီစားသောက်ဆိုင်ကိုရွေးရတဲ့ အကြောင်းရင်းက စားသောက်ဆိုင်ရဲ့ menuက
စာလုံးကြီးကြီးနဲ့ ရေးထားလို့ဖြစ်တယ်။
နောင်၁ဝနှစ်အကြာ သူတို့အသက် ၆ဝမှာ
နောက်တစ်ကြိမ်တွေ့ဆုံကြပြန်တယ်။ အရင်ကစားသောက်ဆိုင်ကိုပဲ သူတို့ရွေးလိုက်ကြတယ်။
ဒီတစ်ကြိမ်မှာရွေးရတဲ့ အကြောင်းရင်းက ဒီစားသောက်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့
အစားအသောက်ရောင်းလို့ဖြစ်တယ်။
နောင်၁ဝနှစ်အကြာ သူတို့အသက် ၇ဝမှာ
နောက်တစ်ကြိမ်တွေ့ဆုံကြပြန်တယ်။ အရင်ကစားသောက်ဆိုင်ကိုပဲ
သူတို့ရွေးလိုက်ကြတယ်။ ဒီတစ်ကြိမ်မှာရွေးရတဲ့ အကြောင်းရင်းက ဒီစားသောက်ဆိုင်မှာ
ဘီးတပ်ကုလားထိုင်တွေရှိလို့ဖြစ်တယ်။
၁ဝနှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ ကုန်လွန်သွားပြန်တယ်။
သူတို့ အသက် ၈ဝအရွယ်ရောက်တော့ ကျောင်းသားဟောင်းတွေက စားပွဲ၃ဝိုင်းပဲလာတယ်။
ဒါပေမယ့် စာရင်းရှင်းတော့ ၆ ဝိုင်းစာ သူတို့ရှင်းလိုက်ရတယ်။ ပိုလာတဲ့ ၃ ဝိုင်းက
သူတို့ကိုပြုစုစောင့်ရှောက်တဲ့ သူနာပြုတွေဖြစ်တယ်။
လူ့ဘဝက ဒါပါပဲ...
No comments:
Post a Comment