Saturday, 12 October 2013

သင့်ကား ဆီစားသက်သာအောင်



ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ မြေပြင်အပူချိန် အေးမြနေဆဲဖြစ်တဲ့ မနက်အစောပိုင်းအချိန်အတွင်းမှာ သင့်ဆိုင်ကယ် ဒါမှမဟုတ် ကားကို ဆီဖြည့်တာ အကောင်းဆုံးဖြစ်ပါတယ်....
စက်သုံးဆီဆိုင်ကြီးတွေအားလုံးလိုလိုဟာ သူတို့ရဲ့ ဆီသိုလှောင်ကန်တွေကို မြေကြီးထဲမှာ မြှုပ်နှံ တည်ဆောက်ထားကြတယ်ဆိုတာကို သင်သိပြီးဖြစ် ပါလိမ့်မယ်... မြေပြင်ကအေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေ ပါပဲ... မြေပြင်က ပူလာတဲ့အခါမှတော့ ဆီတွေကပွလာပါတယ်...
ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ သင်ဆီဝယ်ဖြည့်မယ်ဆိုရင် သင်ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝမရနိုင်ပါဘူး... ဆီရောင်းဝယ်တဲ့လုပ်ငန်းမှာ သိပ်သည်းဆ (specific gravity) နဲ့ အပူချိန် တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်... အပူချိန် ၁ ဒီဂရီလောက်မြင့် တက် လာတာဟာ ငွေပမာဏအများအပြားကို ကိုယ်စားပြုနိုင်ပါတယ်... ဒါပေမဲ့ စက်သုံးဆီဆိုင်တွေမှာတော့ မီးဘေး အန္တရာယ်ကျရောက်နိုင်တဲ့အတွက် အပူချိန်တိုးမြင့်စေဖို့ လုပ်ဆောင်တာမျိုး မလုပ်ကြပါဘူး...
ဆီတစ်ဝက်ကုန်တာနဲ့ဖြည့်ပါ
စက်သုံးဆီဖြည့်တာနဲ့ ပတ်သက်ပြီး နောက်ထပ် အရေးကြီးတဲ့ တစ်ချက်ကတော့ သင့်ဆီသိုလှောင်ကန် မှာ တစ်ဝက်လျော့ သွားတာနဲ့ ပြန်ဖြည့်ဖို့ပါပဲ... အကြောင်းရင်းကတော့ သင့်ဆီသိုလှောင်ကန်ထဲမှာ ဆီများများရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ် နည်းသွားစေမှာဖြစ်လို့ပါပဲ... လျော့နေတဲ့ဆီလှောင်ကန်ထဲကဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီးမြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်...
ခလုတ်ကိုမြန်မြန်မညှစ်နဲ့ ဆီဖြည့်တဲ့အခါ ဆီပန့်တွေမှာ လက်ကိုင်ခလုတ်လေးတွေနဲ့ထားပေး တတ်ပါတယ်... ဆီပိုက်ကို ကိုယ်တိုင်ကိုင်ပြီး ဖြည့်ရတဲ့အခါမျိုးမှာ အဲ့ဒီ ခလုတ်ကို မြန်မြန်မညှစ်ဘဲ တဖြည်းဖြည်း ညှစ်ခြင်းဟာ ရေငွေ့ပါဝင်မှုနှုန်း ကိုလျော့ကျစေပြီး သင့်အတွက်ဆီဖြည့်ရတာ တွက်ခြေပိုကိုက်ပါတယ်...
ဂရုတစိုက်ကြည့်မယ်ဆိုရင် ခလုတ်မှာ အဆင့်သုံးဆင့်ရှိတာကို သင်သတိ ထား မိပါလိမ့်မယ်... ဆီကို ခပ်မြန်မြန်ဖြည့်ခြင်းဟာ သင်ဖြည့်လိုက်တဲ့ဆီ အရည်ထဲမှာ လေ၊ ရေငွေ့နဲ့ ဓာတ်ငွေ့တွေ ပိုပါနေတဲ့ သဘော လည်းဖြစ် ပါတယ်...
သိုလှောင်ကန်ထဲကို ဆီဖြည့်နေချိန်မှာ ဆီမထည့်နဲ့
ဒီအချက်ကလည်း အထူးသတိပြုဆင်ခြင်သင့်တဲ့ အချက်တစ် ချက်ဖြစ်ပါတယ်... စက်သုံးဆီဆိုင်က ဆီသိုလှောင်ကန်တွေထဲကို ဆီ လာဖြည့်နေ ချိန်မှာ သင့်ကားထဲ ဒါမှမဟုတ် ဆိုင်ကယ်ထဲကို ဆီမထည့်သင့် ပါဘူး... အဲ့ဒီအချိန်မှာ ဆီလှောင်ကန်ထဲက အနည်တွေထနေ မှာဖြစ်တဲ့ အတွက် အဲ့ဒီဆီတွေ သင့်ယာဉ်ထဲရောက်လာရင် အင်ဂျင်ကို ဒုက္ခပေးပါ လိမ့်မယ်...
ဘီးထဲ လေရှိပါစေ
ဘီးထဲလေရှိမရှိကို နှစ်ပတ်တစ်ခါလောက် စစ်ရပါမယ်... လေမရှိတဲ့ တာယာတွေဟာ နောက်ပြန်ဆွဲအား (drag) တွေပိုဖြစ်စေတဲ့အတွက် သင့်ယာဉ်က ဆီပိုစားပါလိမ့်မယ်... ကားတွေ ဆိုင်ကယ်တွေမှာလေပေါင်ချိန် ဘယ်လောက် ရှိရမယ်ဆိုတာကို သက်ဆိုင်ရာယာဉ်အမျိုးအစားအလိုက် သတ်မှတ်ချက်လေးတွေရှိပါတယ်... အဲ့ဒီအတိုင်း လေချိန်ထားဖို့လိုပါမယ်...
 မလိုတာတွေဖယ်ထား
သင့်ယာဉ်ထဲမှာ မလိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေရှိနေမယ်ဆိုရင် ဖယ်ထားဖို့လည်းလိုပါမယ်... သင်တစ်နေရာရာကို သွားတော့မယ်ဆိုရင် မလိုတာတွေကို စစ်ပြီး ဖြုတ်ချန်ထားခဲ့ပါ... ပစ္စည်းအလေးတွေပါလေလေ ဆီပိုစားလေလေဖြစ်တဲ့အတွက် ဒီနည်းလမ်းကလည်း ဆီကုန်သက်သာစေဖို့ အထောက်အကူပြုပါတယ်... Ref: General knowledge နှိုင်းရင့်နွေ www.carmarket.com.mm

No comments:

Post a Comment