အဓိပ္ပာယ်ဖွင့်ဆိုချက်များ

Myanmar Online News Saturday, October 12, 2013
၁) အဖေ
သဘာဝကပေးတဲ့ ဘဏ်တိုက်ကြီး
၂) ကျောင်း
အဖေကပေး သားကပြေးသောနေရာ
၃) သင်ခန်းစာ
ပြဌာန်းစာအုပ်ကနေ ထုတ်နုတ်ထားတဲ့အချက်အလက်တွေကို
ကျောင်းသားတစ်ဦးတစ်ယောက်ရဲ့ ဦးနှောက်ထဲကိုမှ မဖြတ်သွားဘဲ မှတ်စုစာအုပ်ထဲသို့
အချက်အလက်များလွှဲပြောင်းပေးခြင်း
၎) အဘိဓာန်
အလုပ်မလုပ်ခင် အောင်မြင်မှုရနှင့်ပြီးတဲ့ နေရာ
၅) ဂန္ထဝင်စာပေ
လူတွေချီးမွမ်းပြီး မဖတ်တဲ့စာအုပ်တွေ
၆) မျက်ရည်
အမျိုးသားတွေရဲ့ စိတ်စွမ်းအင်ကို အမျိုးသမီးတွေရဲ့
ရေစွမ်းအင်နဲ့ အနိုင်ယူသွားတဲ့ အရည်ဖိအား
၇) သမ်းဝေခြင်း
အိမ်ထောင်ကျပြီးလူတစ်ချို့အတွက် ပါးစပ်ဖွင့်နိုင်တဲ့
တစ်ခုထဲသောအခွင့်အရေး
၈) အစည်းအဝေး
လူတစ်ယောက်စီရဲ့ ဇဝေဇဝါဖြစ်မှုကို တက်ရောက်သူအရေအတွက်နဲ့
မြောက်ထားခြင်း
၉) အစည်းအဝေးခန်း
လူတိုင်းစကားပြော... ဘယ်သူမှနားမထောင်...
နောက်ပိုင်းမှာ တစ်ဦးတစ်ယောက်ကမှ သဘောတူညီမှုမရတဲ့ နေရာ
၁၀) ရုံးခန်း
အိမ်မှာပင်ပန်းခဲ့သမျှ
ပြန်ပြီးအနားယူအားဖြည့်ဖို့နေရာ
၁၁) အလုပ်ရှင်
သင်နောက်ကျရင်စောစောရောက်ပြီး သင်စောရောက်ရင်
နောက်ကျမှရောက်လာတတ်သူ
၁၂) ကော်မတီ
တစ်ဦးတစ်ယောက်ထဲအနေနဲ့ ဘာမှလုပ်လို့မရတဲ့
တစ်သီးပုဂ္ဂလလူတွေက တူတူလုပ်လို့မဖြစ်တဲ့အရာတွေကို အတူတူထိုင်ပြီးဆုံးဖြတ်တဲ့အဖွဲ့
၁၃) အပေးအယူလုပ်ခြင်း
ကိတ်မုန့်တစ်လုံးကို လူတိုင်းက
အကြီးဆုံးအပိုင်းရတယ်လို့ထင်အောင် ခွဲခြမ်းပေးသည့်အလုပ်
၁၄) အတွေ့အကြုံ
သူတို့ရဲ့အမှားတွေကို လူတွေပေးထားတဲ့နာမည်
၁၅) စသည်/စသည်ဖြင့် (etc/etcetera)
သင်တကယ်လုပ်နေတာထက် ပိုသိတယ်လို့
တခြားသူတွေကိုယုံစေချင်ရင် သုံးတဲ့သင်္ကေတ
၁၆) အသက်အာမခံ
သင့်ဘဝတစ်လျှောက်လုံး ဆင်းဆင်းရဲရဲနေသွားပြီး
ချမ်းချမ်းသာသာနဲ့သေဖို့ ချုပ်ဆိုထားတဲ့ စာချုပ်
၁၇) အတွေးအခေါ်ပညာရှင်
သေသွားတဲ့အခါ သူပြောတဲ့စကားတွေ
စကားတွင်ကျန်ရစ်ဖို့အတွက် အသက်ရှင်နေတုန်း ကိုယ့်ကိုညှင်းဆဲတဲ့အရူး
၁၈) ဒုစရိုက်သမား
တခြားသူတွေ လုပ်သလို လိုက်လုပ်တာချင်းအတူတူ
အဖမ်းခံလိုက်ရတဲ့သူ
၁၉) ဆရာဝန်
သင့်ရောဂါကို ဆေးနဲ့သတ်ပြီး သင့်ကိုငွေစာရင်းနဲ့
သတ်တဲ့သူ
၂၀) နိုင်ငံရေးသမား
ရွေးကောက်ပွဲမတိုင်ခင် သင့်လက်ကို
ဆွဲကိုင်ယမ်းခါတတ်ပြီး ရွေးကောက်ပွဲပြီးသွားတဲ့အခါ သင့်ယုံကြည်ချက်ကို
ဆွဲကိုင်ယမ်းခါတတ်သူ
----------------------------------------------------------------
Source: Real Facts
နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway
No comments:
Post a Comment