ဥာဏ်ရည်ဥာဏ်သွေး

Myanmar Online News Monday, September 30, 2013
အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း
ဘယ်သူမှမရှိတာနဲ့ ကန်ထဲ ရေဆင်းချိုးရင်း ဆော့နေကြတယ်။
ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ
ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့
အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊
သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"
ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ
ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက
အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...
ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို
မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"
ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို
မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို
အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"
ဒီတော့...
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း
ပြောလိုက်တယ်... ...
"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ
ရှုစားပေတော့"... တဲ့
ဟာသဗိမာန်-ဆရာသန်
သန်၎ကို-ဘာသာပြန်သည်။
No comments:
Post a Comment