Tuesday, 1 October 2013

မျက်စိမကောင်းလို့ပါ



Myanmar Online News Monday, September 30, 2013
အဒေါ်အပျိုကြီးက အိမ်လာလည်မည်ဟု ဖုန်းဖြင့်အကြောင်းကြားပြီး နောက်တစ်နေ့ဍ်တူဖြစ်သူဇနီးမောင်နှံတို့နေထိုင်သောအိမ်သို့ ရောက်ရှိ
လာရာ ၄င်းတို့၏ သားငယ်နှင့် အိမ်ပေါက်ဝတွင် တွေ့လေသည်။။

အဒေါ် ။ ။ ““သားသား...........ဆော့နေတာလား ””

သားငယ်။ ။ ““ ဟုတ်ကဲ့ .............ကြီးကြီး ””

အဒေါ် ။ ။ ““သားဖေဖေနဲ့မေမေရော ””

သားငယ်။ ။ ““အိမ်အနောက်ဘက်ခြံထဲမှာပါ ””

အဒေါ် ။ ။ ““သားဖေဖေနဲ့မေမေ နေကောင်းရဲ့လား ””

သားငယ်။ ။ ““နေမကောင်းကြဘူးထင်တယ် ””

အဒေါ် ။ ။ ““ဘယ်လိုဖြစ်နေလို့လဲ ””

သားငယ်။ ။ ““ဖေဖေနဲ့မေမေတို့ မျက်စိတွေမကောင်းကြဘူးထင်တယ် ””

အဒေါ် ။ ။ ““ဘာလို့သူတို့ မျက်စိတွေမကောင်းကြတာလဲ သားရဲ့ ””

သားငယ်။ ။ ““ဖေဖေကပြောတယ်....ကြီးကြီးကိုကြည့်လို့မရဘူးတဲ့..။ ပြီးတော့မေမေကလည်းပြောတယ်.....ကြီးကြီးကို လုံးဝကြည့်
မရဘူးလို့ပြောနေတာကို သားသား ကြားလို့ပါ ””

အဒေါ် ။ ။ ““ ဟေ ””


ဇင်မင်းကို
စိတ္တဇ ဟာသများ

No comments:

Post a Comment