သေမှာက မင်းလား၊ ငါလား ".......
သေတော့မည်ကို သိနေသော အဘိုးအိုက
ဇနီးသည်ကိုခေါ်ပြီး သားသမီးများအတွက် မှာကြားသည်။
" မိန်းမရယ်၊ ကိုယ်မ၇ှိတော့ရင် သားကြီး .....ကို စတိုးဆိုင်လေးကို ကိုင်ခိုင်းလိုက်
ပါကွယ် "
ဇနီးသည်က" အဖေကြီးကလဲသားကြီး ကို ကိုင်ခိုင်းလို့ ဘာဖြစ်မလဲ၊ သားငယ် ကမှ
စိတ်ချရတာ၊ သူကိုင်မှ ဖြစ်မယ် "
အဘိုးအိုက အားမ၇ှိသော လေသံဖြင့် ခေါင်းကိုညိတ်ရင်း..
" အင်း..လုပ်လိုက်လေ၊ ဒါပေမဲ့ မြင်းရထားကိုတော့
သားလတ်ကို ပေးလိုက်ပါ "
" ဒါပေမဲ့ သမီးငယ်..တို့ မိသားစုအတွက်က ပိုပြီး
လိုတယ် အဖေကြီးရဲ့ " ဟုဇနီးသည်က ပြောလိုက်သည်။
" ကဲကွယ် မင်းသဘောပဲ။ သမီးငယ် ကိုပေးလိုက်၊
သမီးကြီး ကိုတော့ တော က အိမ်ကလေးကို ပေးလိုက်ပါကွယ် "
" အဖေကြီးကလည်း သမီးကြီး က တောဆိုရင်သိပ်မုန်းတာ
အဖေကြီးလည်းသိသားနဲ့၊ အဲအိမ်ကို သားလတ် ကို ပေးလိုက်ပါ "
ထိုတွင် အဘိုးအိုက ထအော်လိုက်လေသည်။
" အမေကြီး.. သေမှာက မင်းလား၊ ငါလား
"..........
တိန်
အိစ်
ရီမောပျော်ရွှင်ပါစေ
Lon Ely
တဒင်္ဂပြုံးပျော်ရင်း
အမောပြေနိုင်ပါစေ...........................
Credit - Original Writer
ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...
No comments:
Post a Comment