ပေါက်စီနဲ့လဲစားသူများ
"တော်ရေ...တော်ရဲ့... အင့်... အီးဟီး.."
"ဟေ.. ဘာဖြစ်.... ဘာဖြစ်ရို့လဲတွ.. ရှင်မရ.. ငိုသံပါကြီးနဲ့..."
"တော်ပဲ ဘေးအိမ်က အသက် ၆၀ လောက်ရှိတဲ့ ထောင်ကဲသူဌေး
ကြီးကိုကြောက်ပြီး.. ကျွန်မတို့အိမ်က.. တန်ဘိုးရှိတဲ့ အတွင်းပစ္စည်းတွေကို.
ထောင်ကဲရဲ့ ပေါက်စီတွေနဲ့... လဲလဲစားနေတာ.. အခု.. ထပ်ပြီး ကိုယ်ကြိုးနည်းပြန်ပြီတော့...
အီးဟီး.."
"ဟ...ဟ... ဘာဖြစ်ပြန်ပတုန်းဟ.."
"ဘာဖြစ်ရမလဲတော်.... တော်က.. သူ့ကို အကြွေးတွေ
ပေးစရာရှိတယ်ဆိုပြီး.. တော့်သမီးကို... အကြွေးနဲ့ သိမ်းသွားပြန်ပြီတော့..
အဟီး.. ဟီး.."
" ဟ... ငါတယ်... တောက်..၊ ဒင်းက အဲလို လုပ်သလား.."
" ဟုတ်တယ်တော့.. အဲဒီလို လုပ်သွားတယ်.. အီးဟီး
ပြီးတော့ သူက ပြောလိုက်သေးတယ်...
တော်က သူ့ကိုကြောက်တယ်တဲ့.. တော်က.. သူဘာလုပ်လုပ်
ဘာမှမပြောစေရဘူးတဲ့..
တော့်စားပွဲအောက် (Undertable) မှာ.. ပေါက်စီ (၃)
လုံး ထည့်ပေးသွားတယ်...တဲ့ အဲဒါ... တော့ကိုပြလိုက်တဲ့... ပါးစပ်ပိတ်သွားမယ်..တဲ့
အီး... ဟီး... ဟီး... ကိုယ်ကြိုးနည်းပါပြီတော့..."
" ကိန်... ဘွတ်အဲ.စ်."
No comments:
Post a Comment